About Us

Mandalay Business Capital City Development Ltd

Mandalay Business Capital City Development Ltd မှာ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သော ကုမ္ပဏီဖြစ်ပါသည်။ ကုမ္ပဏီတွင် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူများနှင့် ကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူပညာရှင်များ ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

စီမံကိန်းအားစိတ်ဝင်စား၍ ရင်းနှီးမြှပ်နှံလိုသူများရှိပါက ပါဝင်နိုင်စေရန်အတွက် ကုမ္ပဏီအား အများပိုင် ကုမ္ပဏီ အဖြစ် ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရှယ်ယာများရောင်းချပေးသွားမည် ဖြစ်ပါသည်။

ဧရာဝတီမြစ်ဝှမ်းဒေသပြောင်းလဲမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဆောင်ရွက်ထားရှိမှုအခြေအနေ

မြေသားခိုင်ခံ့အောင်ပြုလုပ်ပုံ

မြစ်အတွင်းမှသဲများစုပ်ထုတ်နေပုံ

ရေထိန်းမြေကာနံရံများ

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် စပ်လျဉ်း၍အစီရင်ခံတင်ပြခြင်း

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအား မန္တလေးတိုင်းဒေသကြီးအစိုးရ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက လုပ်ငန်းဆောင်ရွက်ခွင့်ပေးအပ်သူ အနေဖြင့်လည်းကောင်း၊ Mandalay Business Capital City Development Ltd ကလုပ်ငန်းဆောင်ရွက်ခွင့်ရသူ အနေဖြင့်လည်းကောင်း လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါသည်။

စီမံကိန်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်  –

“မြန်မာနိုင်ငံတွင် စနစ်တကျ တည်ဆောက်ထားသည့် နိုင်ငံတော်ဖွံ့ဖြိုးမှု အထောက်အကူပြု ခေတ်မီမြို့ပြ   တစ်ခုအဖြစ်ပေါ်ထွန်းလာ   စေရန်။”

ရေမြုပ်ကွင်း   မြေနေရာများအား ရေလွှမ်းမိုးမှုမှကာကွယ်၍ မြို့ပြတည်ဆောက်နိုင်သော  မြို့မြေများအဖြစ်ပေါ်ထွက်   လာစေရန်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၏ မြေနိမ့်နေရာများ မြှင့်တင်ခြင်း

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရှိ မြေနိမ့်နေရာများအား မြှင့်တင်ရာတွင် အခြားကုန်းတွင်းပိုင်းနေရာများမှ မြေများကို အနည်းဆုံး အသုံးပြုသွားမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သတ်မှတ် ပေးသည့် နေရာများမှ သဲသောင်များ၊ သဲများအား အဓိကအသုံးပြုသွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြစ်ကြောင်း ပိုမိုကောင်းမွန်လာပြီး မြစ်အတွင်း ရေ၀ပ်ဧရိယာ (ရေသိုလှောင်နိုင်သော ပမာဏ) ကိုလည်း အထောက်အကူပြုစေမည် ဖြစ်ပါသည်။မြေသားခိုင်ခန့်ရေးလုပ်ငန်းများကိုလည်း ပညာရှင်များ၏ တွက်ချက်မှုများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်

မန္တလေးမြို့ကိုဖြတ်သန်းသွားသည့် မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွင်ပါဝင်မည့် ကုန်တင်ကုန်ချဆိပ်ကမ်းပုံ ( Concept plan)

Welcome To The Amarapura City Development