စီမံကိန်း Master Plan အားလည်းကောင်း၊ EIA and EMP Report အစီရင်ခံစာများပါ လုပ်ငန်းများအားလည်းကောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းနည်းလမ်းများအား လည်းကောင်း၊ နိုင်ငံတကာအဆင့်မီ စံနှုန်းများအတိုင်း ဆောင်ရွက်လုပ်ကိုင်သွားမည် ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်ကျက်စားသော ဧရာဝတီလင်းပိုင်များရှင်သန်တိုးပွားရေးနှင့် စောင့်ရှောက်ရေး လုပ်ငန်းများ ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေတစ်ရပ်ထူထောင်၍ ဧရာဝတီလင်းပိုင် စောင့်ရှောက်သူများနှင့် ပူးပေါင်း လုပ်ကိုင်သွားမည်ဖြစ်ပါသည်။ စီမံကိန်းမစတင်မီ အဆိုပါရန်ပုံငွေ တစ်ရပ်ကို ကြေငြာသွားမည် ဖြစ်ပါသည်။
ဒေသခံလူငယ်များသည် တည်ဆောက်ရေးဆိုင်ရာ၊ ယက္ကန်းလုပ်ငန်းဆိုင်ရာ၊ စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများတွင် ပါဝင်နိုင်ရန် ရည်ရွယ်၍ အခြေခံသက်မွေးပညာသင်တန်းကျောင်းကို ဆောက်လုပ် သွားပါမည်။ သင်တန်းကျောင်းတွင် အမရပူရယဉ်ကျေးမှု ဗဟိုဌာနတစ်ခုကိုပါ ထည့်သွင်းသွားမည်ဖြစ်ပြီး အမရပူရယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေရေး ရည်ရွယ်ပါသည်။