Services

  • အသက်မွေးဝမ်းပညာ သင်တန်းကျောင်း

    ဒေသခံလူငယ်များသည် တည်ဆောက်ရေးဆိုင်ရာ၊ ယက္ကန်းလုပ်ငန်းဆိုင်ရာ၊ စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ၊   ဟိုတယ်နှင့်   ခရီးသွားလုပ်ငန်းဆိုင်ရာများတွင် ပါဝင်နိုင်ရန် ရည်ရွယ်၍ အခြေခံသက်မွေးပညာသင်တန်းကျောင်းကို   ဆောက်လုပ် သွားပါမည်။
    သင်တန်းကျောင်းတွင် အမရပူရယဉ်ကျေးမှု ဗဟိုဌာနတစ်ခုကိုပါ ထည့်သွင်းသွားမည်ဖြစ်ပြီး အမရပူရယဉ်ကျေးမှု   အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေရေး ရည်ရွယ်ပါသည်။

  • ဧရာဝတီလင်းပိုင်များထိန်းသိမ်းစောင့်ရှောက်ခြင်း

    မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်ကျက်စားသော ဧရာဝတီလင်းပိုင်များရှင်သန်တိုးပွားရေးနှင့် စောင့်ရှောက်ရေး လုပ်ငန်းများ ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေတစ်ရပ်ထူထောင်၍ ဧရာဝတီလင်းပိုင် စောင့်ရှောက်သူများနှင့် ပူးပေါင်း လုပ်ကိုင်သွားမည်ဖြစ်ပါသည်။ စီမံကိန်းမစတင်မီ အဆိုပါရန်ပုံငွေ တစ်ရပ်ကို ကြေငြာသွားမည် ဖြစ်ပါသည်။

  • မြေသားခိုင်ခံ့အောင်ပြုလုပ်ပုံ

    စီမံကိန်း Master Plan အားလည်းကောင်း၊ EIA and EMP Report အစီရင်ခံစာများပါ လုပ်ငန်းများအားလည်းကောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းနည်းလမ်းများအား လည်းကောင်း၊ နိုင်ငံတကာအဆင့်မီ စံနှုန်းများအတိုင်း ဆောင်ရွက်လုပ်ကိုင်သွားမည် ဖြစ်ပါသည်။

Welcome To The Amarapura City Development